ဆယ့်နှစ်ယောက်မြောက်လူ
တက္ကဆက် ပြည်နယ် A&M တက္ကသိုလ်ဘောလုံးအားကစားကွင်းရှိ ဆိုင်းဘုတ်ကြီး၌ "ဆယ့်နှစ်ယောက်မြောက်လူအတွက်နေရာ" ဟုရေးထားသည်။ ကစားကွင်း၌ အသင်း တစ်သင်းစီကို ကစားသမား ၁၁ ဦးသာ ခွင့်ပြုပြီး၊ ဆယ့်နှစ်ယောက်မြောက်လူ ဆိုသည်မှာ ပွဲစဉ်တစ်လျှောက် မိမိအသင်းကို အားပေးအားတက်စေသော ထောင်ပေါင်းများစွာသော A&M ကျောင်းသားပရိသတ်များကို ရည်ညွှန်းသည်။ ၁၉၂၂ ခုနှစ်က ဒဏ်ရာရအားကစားသမား၏နေရာ၌ အစားထိုး ကစားရန်အတွက် နည်းပြက ရပ်ကြည့်စင်မှ ကျောင်းသား တစ်ဦးကို ခေါ်ကာ ၀တ်စုံလဲခိုင်းပြီး ဘေးစည်း၌ အသင့် ရပ်နေစေသည်။ ထိုမှစ၍ ဤအစဉ်အလာ ဖြစ်ပေါ်လာသည်။ ထိုသူသည် ကစားပွဲ၌ တစ်ခါမျှ ၀င်ရောက်မကစားခဲ့ရ သော်လည်း ဘေးစည်း၌ လိုလိုလားလားနှင့် ရှိနေပေးခြင်းက အသင်းအတွက် ကြီးမားသောအား ဖြစ်ခဲ့သည်။
ဟေဗြဲ ၁၁ ၌ ကြီးမားသော စစ်ကြောခြင်းများ ကြုံတွေ့ခဲ့ရသော်လည်း ဘုရားသခင်၌ သစ္စာတည်မြဲသော ယုံကြည်ခြင်း…
ကျွန်ုပ်သည် အရေးပါသလား
စူပါမားကတ်ငွေရှင်းကောင်တာ၌စောင့်နေရင်း ဘေးပတ်လည်သို့ ကျွန်တော်ကြည့်လိုက် သည်။ ခေါင်းတုံး တုံးထားပြီး နှာခေါင်းကွင်းတပ်ထားသော ဆယ်ကျော်သက်များက သွားရေစာများကို ရွေးနေသည်။ ပညာရှင်ဝန်ထမ်းတစ်ဦးကတော့ ၀က်ပေါင်ခြောက်၊ ကညွတ် နှင့် ကန်ဇွန်းဥကို ၀ယ်နေသည်။ အသက်ကြီးကြီးအမျိုးသမီးက မက်မွန်သီးများ၊ စတော်ဘယ်ရီသီးများကို ရွေးနေသည်။ ဘုရားသခင်သည် ဤလူများကို နာမည်နှင့်တကွ သိရှိပါသလား။ သူတို့သည် ဘုရားရှင်အတွက် အရေးပါသလားဟု ကျွန်တော့်ဘာသာ တွေးနေမိသည်။
အရာခပ်သိမ်းကို ပြုလုပ်ဖန်ဆင်းသူသည် လူသား အားလုံးကို ဖန်ဆင်းသူလည်းဖြစ်သည်။ ကျွန်တော်တို့ တစ်ယောက်စီတိုင်းသည် ကိုယ်တော်၏ဂရုပြုအာရုံစိုက်မှု၊ ချစ်မေတ္တာကို ခံထိုက်သည်ဟု မှတ်ယူနိုင်ပါသည်။ ဣသရေလပြည်ရှိ တောင်ကုန်းပေါ်တွင် ကိုယ်တိုင်ကိုယ်ကျ ထိုမေတ္တာကို ပြခဲ့သည်။ အဆုံးစွန် အနေဖြင့် သစ်တိုင်ထက်၌ ပြခဲ့သည်။
အစေခံကျွန်သဏ္ဌာန်နှင့် ဤလောကသို့ရှင်ယေရှုကြွလာစဉ် ဘုရားသခင်၏ လက်တော်မှာ ကြီးမားလွန်း၍ လောကရှိ အသေးနုပ်ဆုံးလူများကို ကယ်ရန်မတန် ဟူသည့် အချက်က မမှန်ကြောင်း…
ယခုတွင် အားလုံးအတူတကွ
သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့၌ နီကောလပ်(စ်) တေလာ တစ်ယောက် မီးရထားပေါ်လှမ်း တက်လိုက်စဉ် လူသွားစင်္ကြံနှင့် မီးရထားကိုယ်ထည်ကြား လွတ်နေသောနေရာလေး၌ ခြေထောက်ညှပ်သွားသည်။ လုံခြုံရေးအရာရှိများက သူလွတ်သွားအောင် မစွမ်းဆောင် နိုင်၊ သို့နှင့် အခြားခရီးသည် အယောက် ၅၀ ခန့်ကို တန်းစီစေပြီး တစ် နှစ် သုံး ရေကာ မီးရထားကို ပြိုင်တူတွန်းပေးရန် အကူအညီတောင်းခဲ့သည်။ ထိုသို့ တညီတညွတ်တည်းတွန်းလိုက်ရာ တေလာ၏ ခြေထောက် ဆွဲထုတ်နိုင်ခဲ့တော့သည်။
ကနဦးအသင်းတော်များသို့ ရေးသားပေးပို့သော စာများ၌ တမန်တော်ရှင်ပေါလုက ခရစ်ယာန်တို့ အတူတကွ လုပ်ဆောင်မှု၏ တန်ခိုးအစွမ်းကို အသိမှတ်ပြုခဲ့သည်။ ခရစ်တော်သည် သူတို့ကိုလက်ခံသည်နည်းတူ အချင်းချင်းကို
လက်ခံကြရန် ရောမမြို့ရှိ ယုံကြည်သူများကို ရှင်ပေါလု တိုက်တွန်းခဲ့သည်။ "သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ... ဘုရားသခင်ကို တညီတညွတ်တည်း နှုတ်မြွက်၍ ချီးမွမ်းစေခြင်းငှာ ယေရှုခရစ်၏…
အသေအချာ အာရုံစိုက်ပါ
တရားနာပရိသတ်များကြားတွင်ထိုင်ရင်း သင်းအုပ်ဆရာနှင့် မျက်နှာချင်းဆိုင်လျက် သူ့ ထံသို့ အကြည့်များပို့ထားသည်။ ကျွန်ုပ်၏ကိုယ်ဟန်အနေအထားက ဆရာပြောသမျှကို အမှန်အကန်နာယူနေသည့်ပုံပေါက်နေသည်။
ထိုစဉ် လူတိုင်းရယ်မောကာ လက်ခုပ်လက်ဝါးတီးကြသဖြင့် အံ့အားသင့်လျက် လိုက်ကြည့်မိသည်။ ဆရာက ဟာသဖောက်လိုက်ခြင်း ဖြစ်မည်။ သို့သော် ဆရာဘာပြောလိုက်မှန်း အရိပ်အမြွက် လေးပင် ကျွန်ုပ်မသိလိုက်ပါ။ ကျွန်ုပ်၏ပုံစံက အသေအချာ နားထောင်နေပုံပေါ်နေသော်လည်း လက်တွေ့တွင်ကျွန်ုပ်၏ စိတ်များ ပျံ့လွင့်နေသည်။
ပြောသည်ကိုကြားရသော်လည်း နားမထောင်၊ ကြည့်သော်လည်း မမြင်၊ ရှိနေသော်လည်း ပျက်ကွက် (ပျောက်နေ)ခြင်းများ ဖြစ်နေနိုင်ပါသည်။ ထိုသို့သောအခြေအနေမျိုးတွင် ကျွန်ုပ်တို့ အတွက် အရေးကြီးသော သတင်းစကားများကို လွတ်သွားနိုင်ပါသည်။
ဧဇရသည် ဘုရားသခင်၏ညွှန်ကြားချက်များကို ယုဒလူတို့အား ဖတ်ပြနေစဉ် "လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ၏" (နေ ၈း၃)။ ရှင်းလင်းသွန်သင်ချက်များကို အသေအချာနားထောင်ခြင်းကြောင့် ရလဒ်အနေဖြင့် သူတို့ နားလည်သဘောပေါက်လျက် (း၈)၊ နောင်တရကာ တစ်ဖန် ပြန်လည်နိုးကြား…
ပေါင်မုန့်
ကျွန်မနေထိုင်သော မက္ကဆီကိုမြို့ငယ်လေး၌ နံနက်တိုင်း "ပေါင်မုန့််" ဟူသော ကြည်လင်ပြတ်သားသည့်အသံကို ကြားရသည်။ ဧရာမတောင်းကြီးထဲတွင် ပေါင်မုန့်အချို အငန် စသည်ဖြင့် ပေါင်မုန့်အမျိုးမျိုးကို စက်ဘီးပေါ်တင်ပြီး လည်ရောင်းနေခြင်းဖြစ်သည်။ ယခင်မြို့ကြီးပြကြီး၌ နေထိုင်ခဲ့စဉ်က ပေါင်မုန့်ဝယ်ရန် မုန့်တိုက်ကိုသွားရသည်။ ယခုတွင် အိမ်တံခါးဝအရောက် လတ်ဆတ်သောပေါင်မုန့်ကို ရရှိနိုင်၍ ကြည်နူး ၀မ်းမြောက်မိသည်။
ရုပ်ပိုင်းဆာလောင်မှုကို ဖြည့်ဆည်းပေးရန် ဟူသော အတွေးမှ ၀ိညာဉ်ဆာငတ်မှုကို ဖြည့်ဆည်းရန် ဟူသော အတွေးသို့ ပြောင်းလိုက်ရင်း "ငါသည် ကောင်းကင်မှ ဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူ မည်သည်ကား အစဉ်မပြတ် အသက်ရှင်လိမ့်မည်" ဆိုသည့် ရှင်ယေရှု၏နှုတ်တော်ထွက်စကားကို ဆင်ခြင်မိသည် (ယော ၆း၅၁)။
ဧ၀ံဂေလိတရားဆိုသည်မှာ အမှန်စင်စစ် သူတောင်းစားတစ်ဦးက ဘယ်မှာ ပေါင်မုန့်ရနိုင်သည်ကို အခြားသူတောင်းစားတစ်ဦးကို ပြောပြခြင်းဖြစ်သည်ဟု ဆိုကြ သည်။ ပြောစတမ်းဆိုလျှင် ကျွန်မတို့အများစုသည်လည်း ပြောစရာရှိပါသည်။ "တစ်ချိန်က ကိုယ့်အပြစ်ကြောင့်…
ရှင်းလင်းသောအမြင်
နယူးယော့၌ ကြီးပြင်းခဲ့သူ ယုဒလူငယ်လေး မိုက်ကယ်ဘရောင်းသည် ၀ိညာဉ်ရေးရာကို စိတ်ဝင်စားမှုမရှိ၊ သူ့ဘ၀တစ်လျှောက် ဒရမ်မာသမားအဖြစ်ကျင်လည်ရင်း မူးယစ်ဆေး
စွဲခဲ့သည်။ သို့သော် မေတ္တာနှင့် သူ့အတွက်ဆုတောင်းပေးနေသူများရှိသည့် အသင်းတော်သို့ သူ့သူငယ်ချင်းများက သူ့ကိုခေါ်သွားသည်။ ၀ိညာဉ်ရေးပိုင်း၌ အခိုက် အတန့်မျှ ရုန်းကန်အဖြေရှာပြီးနောက် မိုက်ကယ်သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံခဲ့သည်။
၎င်းသည် ထိန်းကျောင်းရခက်သည့် လူငယ်လေး တစ်ဦး၏တကယ့်ပြောင်းလဲမှုကြီးပါ။ တစ်နေ့တွင် ဓမ္မဟောင်း
ကျမ်းစာ၌ သခင်ယေရှုအကြောင်း ဖော်ပြထားသည်ဟု ကြားမိကြောင်း သူ့ဖခင်ကိုပြောရာ သူ့ဖခင်က မယုံနိုင်စွာဖြင့် 'ဘယ်မှာလဲ' ဟုမေးသည်။ မိုက်ကယ်က သူ့ကျမ်းစာအုပ်ကို ဖွင့်လိုက်စဉ် ဟေရှာ ၅၃ ကို ဖွင့်မိရက်သား ဖြစ်သွားသည်။ ထိုကျမ်းပိုဒ်ကို သားအဖ နှစ်ဦးသားဖတ်ပြီး 'သူပဲ၊ သူပဲ၊ အဲဒါ ယေရှုပဲ' ဟု မိုက်ကယ် တအံ့တသြဆိုခဲ့သည်။
ဓမ္မသစ်ကျမ်း၌ သခင်ယေရှုအကြောင်းကို ကျွန်ုပ်တို့ဖတ်ရှုရသည်။ …
ရည်ရွယ်ချက် အသစ်
အပ်ချုပ်ဆရာ ဂျေးကော့ ဒေးဗစ် တစ်ယောက် ဒုက္ခလှလှကြုံနေရသည်။ ၁၈၀၀ ပြည့်နှစ်က အမေရိက အနောက်ပိုင်းဒေသတွင် ရွှေရှာဖွေတူးဖော်မှုအမြင့်ဆုံးဖြစ်သည်။ ရွှေတူးသမားများ၏ လုပ်ငန်းခွင်သုံးဘောင်းဘီများ အဆက်မပြတ် ပျက်စီးနေသည်။ ဒေးဗစ် သည် လီဗိုင်း စထရော့စ် ပိုင် ကုန်မာဆိုင်မှ တဲချုပ်သည့် ဖျင်စ၀ယ်၍ လေးလံတောင့်တင်းခိုင်မာသည့် ဖျင်စဖြင့် လုပ်ငန်းခွင်သုံး ဘောင်းဘီကို ချုပ်သည်။ ဤသို့ဖြင့် ဂျင်းဘောင်းဘီပြာများ စတင်ပေါ်ပေါက်လာသည်။ ယနေ့တွင် လီဗိုင်းဂျင်း အပါအ၀င်
ပုံစံအမျိုးမျိုးနှင့် ဂျင်းအထည်များသည် ကမ္ဘာ့ရေပန်းအစားဆုံး အ၀တ်အစားများ ဖြစ်လာသည်။ တဲချုပ်သည့်ဖျင်စမှ ပစ္စည်းသစ်ထုတ်ရန် ရည်ရွယ်ချက်အသစ် ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။
ရှိမုန်နှင့် သူငယ်ချင်းများသည် ဂါလိလဲအိုင်တွင် လုပ်ကိုင်စားသောက်နေသော တံငါသည်များဖြစ်ကြသည်။ ယေရှုရောက်လာပြီး သူတို့ကို သူ့နောက်တော်သို့လိုက်ရန် ခေါ်ခဲ့သည်။ သူတို့ဘ၀အတွက် ရည်ရွယ်ချက်အသစ်ပေးခဲ့သည်။ ငါးမျှားသည့် တံငါသည် မဖြစ်စေတော့ပါ။ "ငါ့နောက်သို့ လိုက်ကြလော့။ သင်တို့သည်…
နိမိတ်လက္ခဏာနှင့် စိတ်ခံစားမှုများ
ကျွန်တော့်အသိလူငယ်တစ်ယောက်သည် ဘုရားထံမှ နိမိတ်လက္ခဏာ တောင်းခံသော အကျင့်တစ်ခုရှိသည်။ မှားသည်ဟု မပြောလိုငြားလည်း သူ့ဆုတောင်းချက်က သူ့ စိတ်ခံစားချက်ကို အတည်ပြုရန် ရှာကြံခြင်းဖြစ်သည်။ ဥပမာ - သူက "ဘုရားရှင်၊ က ကို လုပ်စေချင်ရင် ခ ကို ဖြစ်စေပါ။ ဒါမှ အဆင်ပြေမယ်ဆိုတာ ရှင်းရှင်းသိမယ်" ဟု ဆုတောင်းသည်။
၎င်းသည် ဝေခွဲရခက်ပြီး အကျပ်ရိုက်စေပါသည်။ သူဆုတောင်းပုံနှင့် သူတွေးထားသည့် ဘုရားရှင် အဖြေပေး ရမည့် ပုံစံအရ သူ့ရည်းစားဟောင်းနှင့် ပြန်တွဲရမည်ဟု သူခံစားရသည်။ သို့သော် တစ်ဘက်မိန်းကလေးက သူ့နည်းတူ မခံစားရဘဲ၊ ဘုရားရှင် အလိုမရှိဟု အခိုင်အမာ ခံစားရသည်မှာ မဆန်းပါ။
သခင်ယေရှုခေတ်အခါက ဘာသာရေးခေါင်းဆောင် များက ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ နိမိတ်လက္ခဏာကို တောင်းခံကြသည် (မ ၁၆း၁)။ ဘုရား၏လမ်းပြမှုကို မရှာဘဲ ဘုရားတန်ခိုးတော်ကို…
ငါတို့ တကယ် မသိတာပါ
ဒေသခံဘုရားကျောင်းမှ စေတနာ့ဝန်ထမ်းများသည် အေးချမ်းသောညနေခင်းတစ်ခုတွင် ၀င်ငွေနည်းပါးသူများ၏အိမ်သို့သွားပြီး အစာအာဟာရများ ဝေငှပေးကမ်းခဲ့ကြသည်။ အစားအသောက်များ ရရှိသောအမျိုးသမီးတစ်ဦးသည် အလွန်ဝမ်းမြောက်လျက် ဘာစားစရာမှ မရှိသည့် ကြောင်အိမ်ကိုပြပြီး သူတို့သည် သူမဆုတောင်းချက်၏အဖြေပင် ဖြစ်ကြောင်း ပြောခဲ့သည်။
စေတနာ့ဝန်ထမ်းများ ဘုရားကျောင်းပြန်ရောက်လာ ကြသောအခါ အမျိုးသမီးတစ်ဦးမှာ ငိုချင်းချပါတော့သည်။ သူမက "အဲ့ဒီအမျိုးသမီးကြီးက ကျွန်မကလေးအရွယ်တုန်းက ကျွန်မရဲ့ ဆန်းဒေးစကူးလ်ဆရာမပါ။ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းမှာ တွေ့နေတာပဲ။ သူ အခုလိုငတ်မွတ်နေမယ် ဆိုတာ တကယ်မသိခဲ့ဘူး" ဟု ပြောပြသည်။
ဂလာတိ ၆း၂ မှာ ရှင်ပေါလု နှိုးဆော်သည့်အတိုင်း ဤ လူများသည် အချင်းချင်းထမ်းရွက်စရာဝန်များကို ကူညီရန် နည်းလမ်းရှာဖွေသူများဖြစ်ကြောင်း ရှင်းလင်းစွာတွေ့ရသည်။ သို့သော် တနင်္ဂနွေ နေ့တိုင်း သူတို့တွေ့နေရသူ၊ မိမိလိုအပ်မှုကို မဖွင့်ဟခဲ့သည့် အမျိုးသမီးတစ်ယောက်ကိုဖြင့် သူတို့ သတိမမူမိခဲ့ကြပါ။ ကျွန်ုပ်တို့အနီးရှိလူများနှင့် ၎င်းတို့၏လိုအပ်ချက်များကို သတိပြုမိ စေရန် အထက်ပါအဖြစ်က…
အခက်အခဲတောင်ကုန်း
အိုင်ဒါဟိုပြည်နယ် ရှိ ကျွန်ုပ်တို့၏နေအိမ်မြောက်ဘက်ရှိ ဂျပ်ဟဲန်ဒယ်တောင်စွယ် တောင်ထွတ်ပေါ်တွင် ရေခဲဖုံးအုပ်နေသော ရေကန်တစ်ခုရှိသည်။ ထိုရေကန်သို့ သွားသော လမ်းသည် မတ်စောက်၍ တောင်ခါးပန်းပေါ်မှ ကျောက်တုံး၊ ကျောက်ခဲများကို ဖြတ်သွားရပြီး အလွန်ကြမ်းတမ်းသော လမ်းခရီးဖြစ်သည်။
တောင်စတက်တက်ချင်းတွင် နူးညံ့ပျော့ပြောင်း သော မြေသားမှစီးထွက်ပြီး စိမ်းလန်းသော စားကျက်မြေကို ဖြတ်သန်းစီးဆင်းသည့် စမ်းချောင်းလေးတစ်ခုရှိသည်။ ထိုစမ်းချောင်းမှရေကို မြိန်ရေရှက်ရေသုံးဆောင်ပြီး ခက်ခဲသောတောင်ကို တက်ရန်အတွက် အသင့်ဖြစ်စေသည်။
John Bunyan ၏ ခရစ်ယာန်အသက်တာအကြောင်း ရေးဖွဲ့ထားသော ဓမ္မခရီးသည်- "The Pilgrim's Progress" စာအုပ်တွင် အခက်အခဲတောင်ကုန်း၏မတ်စောက်သောတောင်ခြေသို့ ရောက်ရှိ နေသည့် ခရစ်ယာန်သည် "တောင်ခြေရှိစမ်းရေတွင်းတွင် ရေသောက်အပန်းဖြေပြီးနောက်
တောင်စတက်သည်။
သင်ရင်ဆိုင်နေရသည့် အခက်အခဲတောင်ကုန်းသည် ဂျစ်ကန်ကန်နှင့် အာခံသည့်ကလေး (သို့) ပြင်းထန်သည့်ရောဂါခံစားရခြင်းများ ဖြစ်ကောင်းဖြစ်မည်။ ထိုအခက်အခဲပြဿနာများက သင်ခံနိုင်သည်ထက် ပိုဆိုးကောင်းဆိုးနေလိမ့်မည်။
ကြီးမားလေးလံသည့် အမှုအရေးနှင့် မရင်ဆိုင်ရမီ…